Ads
Thursday, November 10, 2016
Photoshop Fix & Photoshop Sketch & Comp CC
Photoshop Fix ကတော့ PC ပေါ်မှာသုံးတဲ့ Photoshop နည်းတူ သင့်ရဲ့ Android ဖုန်းပေါ်က ဓာတ်ပုံတွေကို အကောင်းဆုံး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ Adobe ရဲ့ Official App ဖြစ်တဲ့အတွက် Photoshop Fix ကို သုံးဖို့ Adobe account တစ်ခုဖွင့်ရမှာဖြစ်ပြီး ဒါကလည်း အလွယ်တကူဖွင့်လို့ရပါတယ်။ PC နဲ့ Mobile တွေအားလုံးမှာ အသုံးပြုနေတဲ့ Adobe work တွေအကုန်လုံးကို ချိတ်ဆက် အသုံးပြုချင်ရင်တော့ Creative Cloud Account တစ်ခု ဖွင့်ရမှာဖြစ်ပါတယ်။ ဖုန်းပေါ်မှာသုံးရုံပဲဆိုရင်တော့ Adobe account ဖွင့်ပြီး စိတ်ကျေနပ်စွာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Photoshop Sketch ကတော့ ဒီဇိုင်းသမားတွေအတွက် ပိုသင့်တော်ပါတယ်။ Animators နဲ့ illustrators တွေကို ၄င်းမှာပါဝင်တဲ့ tools (၁၁) ခုနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Digital Art တွေကို ဖုန်းပေါ်ကနေဖန်တီးချင်တဲ့ သူတွေအတွက် အကောင်းမွန်ဆုံး App တစ်ခုဖြစ်ပါတယ်။ Photoshop Fix လိုပါပဲ Device တစ်ခုကနေ နောက်တစ်ခုကို work တွေ transfer လုပ်ချင်ရင်တော့ CC acount တစ်ခုလိုအပ်မှာ ဖြစ်ပါတယ်။
ဖုန်းပေါ်ကနေ အကောင်းဆုံးသော web design တွေ ရေးဆွဲနိုင်တာက စိတ်ကျေနပ်စရာပါပဲ။ Graphic designer တွေ အတွက်တော့ အသုံးဝင်ဆုံးသော App တစ်ခုဖြစ်မှာသေချာပါတယ်။ Layout design တွေကို အကောင်းမွန်ဆုံးဖန်တီးနိုင်ပြီး PC ပေါ်က Photoshop CC , Illustrator CC , InDesign CC တို့နဲ့လည်း တွဲဖက်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ပါသေးတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment