Ads

Friday, December 30, 2016

ဖေမြင့်

ဘာ​ကြောင့်​ ဒီမိုက​ရေစီလိုချင်​ရသလဲ

Download Pdf

ဖေမြင့်

စိတ်​ဓာတ်​နှင့်​နည်းနာ ​အောင်​မြင်​​ရေးစာစု

Download Pdf

ပါရဂူ

ချစ်​သမီးသို့

Download Pdf

ရွှေဥ​ဒေါင်း

ဝသုံးလုံး

Download Pdf

မောင်​​ပေါ်ထွန်း

စံပြအ​ရောင်းသမား

Download Pdf

မောင်​ထွန်းသူ

အိုဟင်​နရီ၏ဝတ္ထုတိုများ

Download Pdf

မင်းသိင်္ခ

မင်​​မေးတိုင်းငါက​ဖြေရမှာလား

Download Pdf

ပီမိုးနင်း

နေရီရီ

Download Pdf

ရဲ​ဘော်​​ကျော်​ဆန်း

အမတ်​ကြီးဦး​ပေါ်ဦး၏ လက်​​ရွေးစင်​ဟာသများ

Download Pdf

ဦးဘကြည်

ဇာတ်​​တော်​ကြီးဆယ်​ဘွဲ့

Download Pdf

တက္ကသိုလ်​ဘုန်းနိုင်

လွမ်းပါ​လေရစ်​.....သည်း​သောင်​​နွေဦး

Download Pdf

တက္ကသို​လ်​ဘုန်းနိုင်

ချစ်​​သောဤကမ္ဘာ
Download Pdf

စိန်​ဝင်းစိန်

ဦး​နေဝင်း၏မ​အောင်​မြင်​​သောခေတ်ပြောင်း​တော်​လှန်​​ရေး

Download Pdf

သိုး​ဆောင်း

ဟောဒါလက်​ယာ​တောင်​ဘက်​ပါ

Download Pdf

လင်္ကာရည်​​ကျော်

ပန်း​ဒေါင်း

Download Pdf

လမင်းမိုမို

နင်​ရယ်​ငါရယ်​သူတို့ရယ်

Download Pdf

သျှင်​မ

အချစ်​၏ဖလှယ်​ရဂုဏ်​သတ္တိ

Download Pdf

လ​ရောင်​ကျူးရင့်

လိပ်​ပြာ​လေးရဲ့​တေးသွား

Download Pdf

ဒေါင်းနည်း

ဒေါင်းလုတ်​pdfကိုနှိပ်​ပါ ငါးစက္ကန့်​​စောင့်​ပါ ညာဘက်​အ​ပေါ်​ထောင်​မှာ skip adsဆိုတာ​ပေါ်လာရင်​နှိပ်​လိုက်​ပါ

သီပေါဘုရင်နှင့် စုဖုရားလတ်

သီပေါဘုရင်နှင့် စုဖုရားလတ်

တက္ကသိုလ်စိန်တင်
Size - 8 MB

Facebook မှာ Gif Format နဲ့ လှုပ်ရှားနေတဲ့ပုံတင်နည်း

ဖေ့ဘွတ်ကို Gif ပုံတွေတင်တာ နည်းလမ်းများစွာ ရှိမှာပါ။ ကျွန်တော်သိတဲ့ နည်းလမ်းလေးကို ပြောပြမှာဖြစ်ပါတယ်။

ပထမဦးဆုံး ဒီလင့်လေးကို သွားလိုက်ပါ။

 မိမိဖေ့ဘွတ်အကောက် နှင့် Log in ဝင်လိုက်ပါ။
အောက်ကပုံက Login ကို နှိပ်ပြီးသွားရင် တွေ့ ရမဲ့ပုံပါ။မိမိဖေ့ဘွတ်မှာ အသုံးပြုသော အီးမေးလ် နှင့် ပက်စ်ဝက် ကို ရိုက်ထည့်ပြီး Log In ဝင်လိုက်ပါ။

UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ။

ကွန်ပျူတာ ထဲမှာရှိတဲ့ Gif ဖောမတ်နဲ့  လှုပ်ရှားနေတဲ့ ပုံလေးကို ရွေးပြီး Open ကို နှိပ်ပါ။

DOWNLOAD AND CONVERT...ဟူပြီး ပုံကို Upload လုပ်နေပါလိမ့်မည်။

Upload တင်တာပြီးသွားရင် မိမိ Upload တင်တဲ့ ပုံလေး ပေါ်လာပါလိမ့်မည်။ အပေါ်ရှိ PUBLISH TO FACEBOOK ကိုနှိပ်လိုက်ပါ။

Loading....ခဏလုပ်နေပါလိမ့်မည်။

Poste an deine Pinnwand ဟူပြီး Box တစ်ခုကျလာပါလိမ့်မည်။ အောက်ခြေရှိ Tellen ကို နှိပ်လိုက်ပါ။

Tellen ကို နှိပ်လိုက်ရင်တော့ မိမိ ဖေ့ဘွတ် Timeline ပေါ်မှာ gif ဖောမတ်နဲ့  လှုပ်နေတဲ့ပုံလေးကို Share လုပ်ပြီးပါပြီ။ Play Buttom လေးကို နှိပ်ပြီး Gif ဖောမတ်နဲ့  ပုံလေးကို ကြည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ ဖေ့ဘွတ်စာမျက်နှာပေါ်ကို Gif ဖောမတ်နဲ့ ပုံလေးကို အောင်မြင်စွာ Upload တင်ပြီးပါပြီ။
အဆင်ပြေကြပါစေ။

Thursday, December 29, 2016

မမသဒ္ဒါ​မောင်

အတ္တအက်​​ကြောင်းတ​နေရာ

Download Pdf

ချစ်​မျှားရှင်

ပြေးနိုင်​မှလွတ်​မှာ

Download Pdf

မမသဒ္ဒါ​မောင်

ငြိုးသူ့ရင်​မှာ

Download Pdf

သျှင်​မ

ရွှေမင်းသမီးရဲ့ဇာတ်​ပို့

Download Pdf

သျှင်​မ

ဟိုး​ရှေ့မှာ လမ်းက​လေး
Download Pdf

ဆရာမကြီး ကြည်အေးစာအုပ် (၄)အုပ်

ဆရာမကြီး ကြည်အေး စာအုပ် (၄)အုပ်
📕 📗 📘 📙 📚 📖

Wednesday, December 28, 2016

မင်းတုန်းမင်း၏နောက်ဆုံးနေ့များ

မင်းတုန်းမင်း၏နောက်ဆုံးနေ့များ
တက္ကသိုလ်စိန်တင်
Size - 6.9 MB
Pages - 124

ချစ်​ဥိးညို

လင်္ကာဒီပချစ်​သူ

Download Pdf

သိုး​ဆောင်း

မိုးမိ​သောအိမ်​မက်​များ

Download Pdf

iPhone 8 ရဲ့ ထူးခြားချက် ၉ ချက်

iPhone 8 ရဲ့ ထူးခြားချက် ၉ ချက်

အခုလာမယ့် စက်တင်ဘာ ၄ ရက်နေ့ ကနေ စက်တင်ဘာ ၁၁ ရက်နေ့ အတွင်း၊ စက်တင်ဘာ ရဲ့ ပထမလ၀က်အတွင်း မှာ Apple ကုမ္ပဏီ ရဲ့ အထင်ကရ ထုတ်ကုန်တစ်ခု ဖြစ်တဲ့ iPhone ရဲ့ ရှစ်ခုမြောက် မျိုးဆက် ထွက်ရှိလာပါမယ်။ တချို့ကတော့ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်နေ့ လို့ တိတိကျကျ ရည်ညွှန်းပါတယ်။
..
ရက်စွဲနဲ့ အတိအကျ သိရှိရတယ် ဆိုတာကလည်း APPLE ဟာ သူ့ထုတ်ကုန် အိုင်ဖုန်း ကို အဲဒီရက်တွေ အတွင်းမှာ အများပြည်သူရှေ့မှောက် မှာ စတင်ကြော်ငြာခဲ့လေ့ရှိတဲ့ အစဉ်အလာတစ်ခု ကြောင့် သာ ဖြစ်ပေမယ့် အခုအချိန်အထိတော့ iPhone နဲ့ ပတ်သက်တဲ့ သတင်းတွေ ဟာ Rumors – ခန့်မှန်းသတင်းတွေသာ ရှိနေသေးတာပါ။ iPhone 8 နဲ့ ပတ်သက်တဲ့ အဲဒီ Rumors သတင်းတွေကို စုစည်းပြီး စိတ်ဝင်စားဖို့ကောင်းမယ့် iPhone 8 ရဲ့ ထူးခြားချက်ကလေးတွေကို အချက်အလက်လေးတွေအဖြစ် Digital Times ပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။

(၁) အိုင်ဖုန်း (၁၀) နှစ်ပြည့်
တကယ်တော့ အိုင်ဖုန်း ဟာ Apple ရဲ့ Major Plans တွေထဲက ထုတ်ကုန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်ဖုန်း ထုတ်လုပ်မယ့် ရက်ဝန်းကျင်တွေမှာ တခြား ဘယ်ထုတ်ကုန်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိတဲ့အပြင် ထုတ်လုပ်မယ့် iPhone ကို ပံ့ပိုးထောက်ပံ့ပေးမယ့် ဆော့ဖ်ဝဲ ၊ OS update တွေကိုသာ ပေးအပ်လေ့ရှိပါတယ်။ တခြား ထုတ်ကုန်တွေကလည်း Apple ရဲ့ တခြား ထုတ်ကုန်တွေနဲ့ နှိုင်းစာရင် iPhone ကို ပိုပြီး ရွံ့လေ့ရှိပြီး အိုင်ဖုန်း ထွက်ရှိမယ့် ရက်တွေဆိုရင် အနည်းငယ် ရှောင်ပြီး ထွက်လေ့ရှိပါတယ်။
.
iPhone one လို့ ခေါ်ဆိုရမယ့် ကနဦး အိုင်ဖုန်း ကို ၂၀၀၇ခုနှစ် က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ MacRumors ရဲ့ အဆိုအရ ပစ္စည်းတစ်ခု ထွက်ရှိပြီး နောက်တစ်နှစ် ပြည့်တဲ့အချိန် ကို (၁) နှစ် တာ ကာလအဖြစ် သတ်မှတ်ခဲ့မယ် ဆိုပါက ၂၀၁၇ ခုနှစ်ဟာ အိုင်ဖုန်း အတွက် (၁၀)နှစ် ပြည့်မြောက်တဲ့ ကာလဖြစ်ပါတယ်။ အိုင်ဖုန်း ထွက်ရှိခဲ့တဲ့ နှစ်တွေ ကို တန်းစီကြည့်မယ် ဆိုရင် အခုလို ရရှိနိုင်မှာပါ ။
.
2007 – iPhone
2008 – iPhone 3G
2009 – iPhone 3GS
2010 – iPhone 4 (new design)
2011 – iPhone 4s
2012 – iPhone 5 (new design)
2013 – iPhone 5s
2014 – iPhone 6 and iPhone 6 Plus (new design)
2015 – iPhone 6s and iPhone 6s Plus
2016 – iPhone 7 and iPhone 7 Plus
2017 – iPhone 8 and iPhone 8 Plus ( coming )
…..
2
(၂) ပရိုဆက်ဆာ
ထုံးစံအတိုင်း သူ့အကြိုက် ပရိုဆက်ဆာ ကိုသာ အစဉ်တစိုက် သုံးစွဲလေ့ရှိခဲ့တဲ့ Apple ဟာ အခုတစ်ခေါက်မှာလည်း အမြန်ဆုံး ၊ အသေးငယ်ဆုံး နဲ စွမ်းအားအပြည့်ဆုံး ပရိုဆက်ဆာကို ပဲ သုံးစွဲထားပြီး 10 NanoMeter Process ပါရှိတဲ့ A11 Chip ပဲ ဖြစ်ပါတယ်။ Apple ဟာ အဲဒီ chipset တွေကို လာမယ့် ၂၀၁၇ ခုနှစ် နှစ်ဆန်းမှာပဲ စတင် စမ်းသပ်သွားမယ် လို့ ဆိုပါတယ်။ ၂၀၁၇ နှစ်လယ်ပိုင်းမှာ အဲဒီ Chipstet တွေ ဟာ အိုင်ဖုန်း Version အသစ်အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
3
(၃) ကြိုးမဲ့အားသွင်းစနစ်
ဒါဟာလည်း ခန့်မှန်းသတင်းမျှသာ ဖြစ်ခဲ့ပြီး ကာလရှည်ကြာ စိတ်ပျက်လက်ပျက် အားသွင်းနေကြရတဲ့ အိုင်ဖုန်းချစ်သူတွေဆီ ကနေ ပေါ်ထွက်လာခဲ့တဲ့ သတင်းအတို၊ အစ တွေတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကုမ္ပဏီကတော့ အခု ခန့်မှန်းသတင်း နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တစ်ခု မှ မပေးထားပေမယ့် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာနိုင်တဲ့ အရိပ်အယောင် တွေ အများအပြား ထွက်ပေါ်နေတယ် လို့ ဘလော့ဂါတွေ က ရေးသားကြပါတယ်။
4-2
(၄) ဘိုင်အိုမက်ထရစ်
Apple Features တွေကို အစဉ်တစိုက်လေ့လာ အကဲဖြတ်ခဲ့မှုတွေ အရ လာမယ့် iPhone 8 မှာ ဘိုင်အိုမက်ထရစ် နည်းပညာ ထည့်သွင်းလာဖွယ်ရာ ရှိနေပါတယ်။ BioMetric ဆိုတာ ကို အလွယ်ကူဆုံးအနေနဲ့ ကြည်ရှုမယ် ဆိုရင် စမတ်ဖုန်းတွေ မှာ ပါတတ်တဲ့ လက်ဗွေဖတ်ရှုနိုင်တဲ့ နည်းပညာ ဟာ Biometric နည်းပညာရပ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်အိုမက်ထရစ် ဆိုတာ ကွန်ပျူတာ သိပ္ပံပညာရပ် တစ်ခုကို အသုံးပြုပြီး ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး အတည်ပြု စစ်ဆေးပေးတဲ့ နည်းပညာ တစ်ခု လို့ မှတ်ယူထားနိုင်ပါတယ်။ အဲဒီနည်းပညာ မှာ ခန္ဓာကိုယ် ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်ကို ခွဲခြားတဲ့ Phy-siological Characteristics နဲ့ လူတစ်ဦးတစ်ယောက်ရဲ့ အမူအကျင့် ကို ခွဲခြားတဲ့ နည်းပညာ Behavioral Characteristics ဆိုပြီး နှစ်မျိုး အသေးစိတ်ပြန်လည် ခွဲဖြာထွက်သွားပါတယ်။ အခု ပါရှိလာမယ့် ဘိုင်အိုမက်ထရစ် ကတော့ Facaial Recongnition ဘက်ခြမ်းပိုင်းဆိုင်ရာ ဘိုင်အိုမက်ထရစ် ဖြစ်ပြီး အဲဒါကို IRIS scanning နည်းပညာ နဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
( ဒီသတင်းကတော့ Apple နောက်ကွယ်ကနေ IRIS chipset တွေကို ဖန်တီးပေးနေရတဲ့ Xintec ကနေ ထွက်ပေါ်လာတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချို့တွေကတော့ နည်းပညာ က မြင့်မားလွန်းလှပြီး စမ်းသပ်ရင်း နဲ့ပဲ လုပ်ကိုင်နေဆဲ ကာလ ဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ် မရောက်မချင်း ထွက်ပေါ်လာဦးမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။)
5
(၅) ကင်မရာ
အိုင်ဖုန်း ဟာ ကင်မရာတွေ နဲ့ ပတ်သက်လာရင် လူတိုင်းနီးပါး အကြိုက်တွေ့ကြလေ့ရှိပါတယ်။ iPhone 7 နဲ့ iPhone 7+ တွေမှာ သုံးစွဲခဲ့တဲ့ ကင်မရာ ပိုင်းတွေဟာ အတော့်ကို အဆင့်မြင့်လှပြီး DSLR တွေကို ယှဉ်နိုငတဲ့ ကင်မရာတွေလို့ တင်စားခေါ်ဝေါ်တဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီအတွက် iPhone 8 ဟာ မျှော်လင့်ထားသလလောက် ကင်မရာပိုငး အပြောင်းအလဲ ရှိမှာ မဟုတ်ဘူး လို့ ယူဆလို့ ရပါတယ်။ အဲဒါက လည်း Apple မူအရ ပါ။ ဒါပေမယ့် iPhone 8 မထွက်ခင်မှာ ထွက်ပေါ်ခဲ့တဲ့ Rumors သတင်းတွေ အရ ထွက်ရှိလာဦးမယ် လို့ မှန်းဆရတဲ့ iPhone 7 s ဟာ ဒေါင်လိုက် ကင်မရာ ပါဝင်မယ် လို့ သတင်းထွက်ထားတဲ့အတွက် Dual Camera ကို ဒေါင်လိုက်လည်း ဖြစ်လာနိုင်ပါတယ်။
6
(၆) ရုပ်ထွက်
၂၀၁၇ ခုနှစ်မှာ OLED မျက်နှာပြင် ကို ပြောင်းလဲ မယ် လို့ အားလုံး က ထင်နေကြပေမယ့် Edge To Edge ကိုတော့ အလုံးစုံ ပြောင်းလဲမှာ မဟုတ်ဘူး လို့ Wallstreet Journal နဲ့ Bloomberg က ထုတ်ဖော်ရေးသားထားပါတယ်။
7
(၇) မမ်မိုရီ
ဆမ်ဆောင်း ဟာ NAND Memory ကို ထုတ်ဖော်အောင်မြင် ခဲ့ပြီးတဲ့နောက်မှာ iPhone 8 ကလည်း အလားတူ အသစ်တီထွင်မှု တစ်ခုခု ကို ဒီနေရာမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။ အနိမ့်ဆုံးကတော့ 256GB သိုလှောင်စွမ်း ရဲ့ ကိုက်ညီစေမယ့် Memory အမျိုးအစား တစ်ခုခု ဖြစ်မှာ သေချာနေပေမယ့် ၂၀၁၂ ခုနှစ်တုန်း က iPhone 5 ကို ဆမ်ဆောင်း က အထောက်အပံ့ပေးခဲ့သလိုမျိုး NAND Memory ကိုပဲ ပြန်လည် သုံးစွဲလာဖို့လည်း များနေပါတယ်။ ပြောရမယ် ဆိုရင် MacBook တစ်ခုလုံး နီးပါးစာ သိုလှောင်နိုင်စွမ်းအား တွေ ရရှိလာနိုင်ဖွယ်ရာ မြင်နေပါတယ်။
8
(၈) Taptic Engine
ဒါကတော့ သိတ်ရင်းနှီးကြဦးမယ် မထင်ပါဘူး ။ လက်ရှိမှာ iphone 7 မှာ Home button မပါဝင်တော့ဘူး။ အဲဒိအတွက် အစားထိုးထားတဲ့ Taptic Motro Engine ဟာ စမတ်ဖုန်းတွေကို သုံးတဲ့အခါ 3D Display တွေကို ပြသစဉ်တိုင်းမှာ တုန်ခါမှုနှုန်းတွေ နဲ့ တခြား မညီမျှမှုတွေကို ချိန်ညှိပေးမယ့် အင်ဂျင်တစ်ခု သာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ 3D ရုပ်ထွက်တွေ ထစ်အ မသွားအောင် လို့ နောက်ကွယ်ကနေ ဆောင်ရွက်ပေးမယ့် Engine တစ်ခု ပေါ့ ။ အဲဒီ Taptic Engine ကို iPhone 7 နဲ့ iPhone 7+ မှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် မျှော်လင့်ကြတဲ့ ခန့်မှန်း တစ်ခု က Home Button မှာ သုံးစွဲထားတဲ့ Taptic Engine ကို သုံးစွဲပြီး Features နဲ့ ခံစားမှုအသစ်တွေ ကို ရရှိစေပါတယ်။ ဒါပေမယ့် မျှော်လင့်တာက အဲဒါကို အဆင့်မြှင့်ပေးမှာလား ဆိုတာပါပဲ။
9
(၉) ရက်စွဲ ၊ အမည် ၊ ဈေးနှုန်း
– ရက်စွဲကတော့ ဖော်ပြထားခဲ့သလိုပါပဲ ။ စက်တင်ဘာ လ အတွင်းမှာ ဖြစ်လာမယ် လို့ မှန်းဆထားကြပြီး ထူးခြားမှုတစ်ခု လည်း မဟုတ်ပါဘူး။
– ထူးခြား မှု က တော့ သတင်းတွေပါ။ iPhone 8 အတွက် ရဲ့ အမည်နာမ သတင်းတွေပါ။  iPhone 8 ကို ထုတ်လုပ်မယ် လို့ သတင်းမထွက်ခင် မှာ iPhone 7S နဲ့ iPhone 7S+ ကို လွှင့်ထုတ်မယ် လို့ ပြောထားပါတယ်။ အဲဒီအပြင်မှာ မူကွဲ ဒီဇိုင်း တစ်မျိုး ဖြစ်တဲ့ အရမ်းလည်း လန်းတဲ့ ” ဖယ်ရာရီ” ဆိုတဲ့ မော်တော်ကား နာမည် နဲ့ ဖုန်းအသစ် တစ်ခု ထုတ်လုပ်မယ် လို့ ဆိုပါတယ်။ ဒါကြောင့် iPhone 8 ဟာ ရှိရင်းစွဲ အစဉ်လိုက်တဲ့ အမည်ဖြစ်ပြီး Ferrari ဆိုတာ က iPhone 8 ရဲ့ တကယ့်အမည်စစ် ဖြစ်လာလေမလား ။ ဒါမှမဟုတ် Rumors ထဲကအတိုင်း iPhone 8 လည်း ဖြစ်လာနိုင်ပါတယ်။
– ဈေးနှုန်း
  • iPhone 5 – £529
  • iPhone 5S – £549
  • iPhone 6 – £539
  • iPhone 6S – £539
  • iPhone 7 – £599
  • iPhone 7 Plus – £719
အနီးစပ်ဆုံးထုတ်ကုန် ၆ ခု ကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ဈေးနှုန်းကို အဲဒိလို မြင်တွေ့ရမှာ ဖြစ်တဲ့အတွက် လာမယ့် iPhone 8 ဟာ ဒေါ်လာ ၅၉၉ ပတ်ဝန်းကျင် နဲ့ ဈေးစဖွင့်နိုင်ဖွယ်ရာ ရှိနေပေမယ့် ဒေါ်လာ ၈၀၀ နီးပါး လည်း ကပ်သွားနိုင်ပါတယ်။ အဲဒီအတွက် မြန်မာငွေ နဲ့ တွက်ချက်လိုက်ရင် iPhone 7 တို့လို ၁၀ သိန်း အထက်နဲ့ ပဲ ပေါက်ဈေးဖွင့်လာနိုင်ဖွယ်ရာ ခန့်မှန်းရပါတယ်။
Ref : Mirror  ၊ Macrumors ၊ Listhogs

DigitalTimes.com.mm